Pages

Ads 468x60px

No posts.
No posts.
 

MMM Global Founder အကြောင်း နှင့် အလုပ်လုပ်ပုံ

MMM Global ဘယ်လိုဖြစ်ပေါ်သလဲ ?? ဘာကြောင့် MMM Global Founder ထောင်ကျခဲ့ဖူးသလဲ ??????? ခုတလော Sergey Mavrodi အရင်က ထောင်ကျဖူးတဲ့ သတင်းတွေ ပြန့်နေပါတယ်။ ဒါကြောင့် MMM ဟာ SCAM ပေါ့လို့ ပြောကြတယ် ။ ပြောတဲ့လူတွေကို အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ရှင်းပြပါရစေ။ (1) MMMရဲ့ FOUNDER MAVRODI က သူထောင်ကျဖူးတာကို ဖုံးကွယ်ခဲ့သလား? သူမဖုံးကွယ်ခဲ့ပါဘူး။ သူပွင့်ပွင့်လင်းလင်း ပြောထားတယ်။ သူအရင်က ထောင်ကျဖူးတဲ့အကြောင်း ဘယ်မှာမဆို ဖော်ပြထားတာ တွေ့နိင်ပါတယ် (2)လူတစ်သောင်းဆီက သန်းနဲ့ချီလိမ်လို့ ထောင်ကျတာလား? မဟုတ်ပါဘူး။ လူတစ်သောင်းစီက မဟုတ်ပါဘူး။ သိန်းနဲ့ချီတဲ့ လူတွေဆီကပါ။ ထောင်က ၁ ခါ မဟုတ်ဘူး ၂ ခါကျတာပါ။

ဒါပေမယ့် သူငွေလုံးဝ မလိမ်ခဲ့ပါဘူး ။ ဟုတ်ပြီ။ ကျွန်တော် ရှင်းပြပါ့မယ်။ Sergey Mavrodi က Russia လူမျိုး ငယ်ငယ်လေးထဲက ပညာအရမ်းတော်တယ်။ သင်္ချာဘာသာနဲ့ဘွဲ့ရတယ်။ စာရေးတယ် ကဗျာရေးတယ် သူ့နိုင်ငံမှာတော်တော်အောင်မြင်ခဲ့တယ်။ Sergey Mavrodi က ၁၉၈၉ မှာ MMM ကို စတည်ထောင်တယ် ။ အဲတုန်းကတော့ Computer အပိုပစ္စည်းရောင်းတဲ့ Company လေးပါ။ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက နောင်တချိန်မှာ Mmm Global လို့ဖြစ်လာမယ့် MMM စနစ်ကို စ အသက်သွင်းခဲ့တယ်။ အဲ့တုန်းက သူ့မှာ Website မရှိဘူး။ သူတစ်ဦးတည်း အပြင်မှာ လုပ်ခဲ့တယ်။ ဘယ်လိုလုပ်လည်းဆိုတော့ သူ့ကိုယ်ပိုင် ပိုက်ဆံတွေကို ထုတ်တယ် ။ ပြီးတော့ လူတစ်ယောက်က သူ့ပိုက်ဆံကို လာဝယ်တယ် ဆိုပါတော့ နောက်တစ်လနေရင် သူက အဲ့လူဆီ က ပိုက်ဆံကို ဈေး၂ဆ ပေးပြီး ပြန်ဝယ်ပေးတယ်။


အဲ့ စနစ်နဲ့ပါ။ ခုခေတ် HYIP လို့ ပြောကြမယ့် ပုံစံ မျိုးပေါ့။ တစ်လကို ၂ဆ ။ သူ့လုပ်ငန်းကအောင်မြင်ခဲ့တယ်။ လူသိန်းနဲ့ချီပြီး သူ့ဆီက ပိုက်ဆံကိုဝယ်တယ်။ ပြီးရင် တစ်လနေတော့ ဈေး၂ဆ နဲ့ သူ့ဆီ ပြန်လာရောင်းတယ်။ ဒါဆို Russia အစိုးရက မဖမ်းဘူးလား? အဲ့အချိန်က သူ့ကို အဲ့လို အရေးယူဖို့ ဥပဒေ မရှိခဲ့ဘူး။ 2 နှစ်လောက်ကြာတော့ သူ့လုပ်ငန်း အရမ်းအောင်မြင်လာတယ်။ Russia အစိုးရ စိုးရိမ်လာတယ်။ သူကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာမှာ စိုးတယ်။ အဲ့တော့ သူ့ကို အခွန်ရှောင်တိမ်းမှု ဆိုပြီး အမှုဆင် ထောင်ချလိုက်တယ်။ စဉ်းစားကြည့်ပါ။ အဲ့တုန်းက Website မရှိသေးဘူး။ သူတစ်ဦးတည်း လုပ်နေရတဲ့ အချိန်မှာ သူထောင်ကျတော့ သူရောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ဝယ်ပေးလို့ မရတော့ဘူး။ ဒါကြောင့် လူသိန်းနဲ့ချီပြီး ဆုံးရှုံးကုန်တယ်။ သူ့ကြောင့် မဟုတ်ပါဘူး။ သူ တပြားမှ သူ့အတွက် မယူခဲ့ဘူး။ ( သူလုပ်ခဲ့တာက ဘဏ်စနစ်ကို ဆန့်ကျင်ချင် ခဲ့တာပါ။ နောက်ကျ ဒီ အကြာင်း သက်သက်ရေးပေးပါ့မယ်) ဆက်ပြောရအောင်။

သူထောင်ကျသွားတယ်။ လူတွေ ပိုက်ဆံ ဆုံးရှုံးကုန်တယ်။ ဒါပေမယ့် လူတွေက သူ့ကို မမုန်းခဲ့ပါဘူး။ နောက် ၂နှစ် လောက်အကြာမှာ သူက ရွေးကောက်ပွဲဝင်တယ်။ ဒါကြောင့် ထောင်က လွတ်ခဲ့တယ်။ သူရွေးကောက်ပွဲမှာ နိုင်တယ်။ အမတ်ဖြစ်ခဲ့တယ်။ အမတ်ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးမှာ စီပွားရေး ရောယှက်ခဲ့တယ်။ Russia ဥပဒေမှာ အစိုးရ လူကြီးတွေဟာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရှိခဲ့ပါဘူး။ သူက MMM ကို ပြန်တည်ထောင်ဖို့ ကြိုးပမ်းတယ်။ နိုင်ငံရေးဘက် စိတ်မပါဘူး။ ဒါနဲ့ လွှတ်တော်အမတ်နေရာ ကနေ ဖယ်ရှားခံလိုက်ရတယ်။ ထုံးစံအတိုင်း ဒုတိယအကြိမ် ထောင်ထဲပြန်ရောက်သွားတယ်။ 2011 2012 မှာတော့ ကျွန်တော်တို့ ခုသိနေတဲ့ MMM Global ကို သူစတည်ထောင်ခဲ့တယ်။ ခု 2015 နှစ်ကုန်တော့မှာပါ။ သူ့လုပ်ငန်းနဲ့ ပတ်သက်လို့ ပိုက်ဆံ ထုတ်မပေးဘူးဆိုတာ မရှိခဲ့ပါဘူး။ လူတွေ ထင်သလိုလည်း သူက ပိုက်ဆံလိမ်လို့ ထောင်ကျတာ မဟုတ်ပါဘူး။ ထောင်ကျလို့ ပိုက်ဆံ လိမ်သလိုဖြစ်တာပါ။ နောက်ပြီး MMM မှာ login မဝင်ခင် သူကိုယ်တိုင် သတိပေးထားတာ ရှိပါတယ်။ "မင်းမှာရှိသမျှငွေ အားလုံးကို မရင်းပစ်ပါနဲ့။ မင်းရဲ့ အပိုဝင်ငွေကိုပဲ အသုံးပြုပါဆိုပြီးရေးပေးထားပါတယ်။

MMM Scam ဖြစ်ဖို့ဆိုရင် အခြေအနေ တစ်ခုနဲ့ တိုက်ဆိုင်ဖို့ လိုပါတယိ။ အဲ့ဒါက ဘာလဲဆိုတော့ ရှိသမျှ Member အားလုံးက တချိန်တည်းမှာ ငွေထုတ်မယ် ဆိုရင် တော့ MMM ပြိုလဲ သွားနိုင်ပါတယ်။ တခြား ဘာအကြောင်းနဲ့မှ ပြိုလဲစရာအကြောင်း မရှိပါဘူး။ ရှိသမျှ လူတွေ အားလုံးသာ တပြိုင်တည်း ငွေထုတ်ရင် MMM မှ မဟုတ်ဘူး။ Bank တွေ အကုန်လုံးလည်း ဒေဝါလီ ခံသွားရပါလိမ့်မယ်။ မယုံရင် Bank System ကို လေ့လာကြည့်ပါ ။ MMM ဟာ စီးပွားဖြစ် community အဖြစ် သူတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ ဘဏ်စနစ်တွေကို ဖျက်သိမ်းချင်တဲ့ financial apocalypse တစ်ခုကို တည်ထောင်ချင်လို့ပါ။ ဒီမှာ သူ့အတွက် ဘာမှ မကျန်ပါဘူး။ ငွေတွေကို သူမချုပ်ကိုင်ထားပါဘူး။ Member အချင်းချင်း အပြန်အလှန်ပဲ ငွေပေးငွေယူ လုပ်ရတာပါ။ ဘဏ်တွေလို ဗဟိုချုပ်ကိုင်မှု မရှိပါဘူး။ ဒါပါပဲ ခင်ဗျာ။

MMM Global အလုပ်လုပ်ပုံ

  • MMM က ဘာလဲ???
  • MMM ဆိုတာ လူတစ်ဦးနဲ့ တစ်ဦး အကူအညီပေးတဲ့ ပုံစံမျိုးနဲ့ စနစ်ကို ဖွဲ့စည်းထားတာပါ။ ဒီနေ့ သင်လူတစ်ယောက်ကို ကူညီလိုက်ရင် နောက်နေ့မှာ သင့်ကို ကူညီဖို့ လူတစ်ယောက်က အမြဲ ရှိနေပါတယ်။ အဲဒီလို စနစ်ဖြစ်အောင်လည်း MMM က စီစဉ်ထားတာပါ။


    • MMM ဆိုတာ Multi Level Marketing လား။ ကြော်ငြာ ကြည့်ပေးရတဲ့ အလုပ်မျိုးလား???
    • လုံးဝ မဟုတ်ပါဘူး။ ကြော်ငြာကြည့်ပေးမှ ငွေရတာမျိုးလည်း လုံးဝ မဟုတ်သလို Multi Level Marketing လိုမျိုး ကိုယ့်လက်အောက်မှာ လူတွေကို အတင်းဝင်အောင်လုပ်ပြီးမှ ငွေရတာမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ နေ့စဉ် ၁၀ မိနစ်လောက် Mini Job လေးတွေ လုပ်ပြီး ကိုယ်ရင်းထားတဲ့ ငွေပမာဏကို နှစ်ဆရအောင် လုပ်ရတာပါ။


      • ဒါဆို MMM မှာ ဘယ်လို အလုပ်လုပ်ပြီး ကိုယ့်ငွေပမာဏကို နှစ်ဆတိုးအောင် လုပ်ရမှာလဲ???
      • ဥပမာ သင် ဒီနေ့ MMM Global မှာ $100 ထည့်လိုက်ပြီ ဆိုပါစို့။ စပြီး MMM ကို ထည့်လိုက်ပြီ ဆိုတာနဲ့ သင့်အတိုးတွေဟာ စတင် တက်လာပါလိမ့်မယ်။ တစ်လကို 20% ကနေပြီးတော့ 100% အတွင်း အတိုး တက်ဖို့ကတော့ သင့်လုပ်ဆောင်ချက်ပေါ် မူတည်ပါလိမ့်မယ်။ ဘာတွေ လုပ်ရမှာလဲ??? MMM Global မှာ MMM Extra လို့ခေါ်တဲ့ Mini Job လုပ်ဖို့ နေရာလေးရှိပါတယ်။

        Mini Job ဆိုတာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ Facebook မှာ Comment ရေးတာတို့၊ Twitter မှာ Video ကို Share လုပ်ရတာတို့၊ You Tube မှာ Comment ဝင်ရေးယုံပါဘဲ။ ဒါကိုတောင် MMM Global က မလုပ်တတ်မှာ စိုးတဲ့အတွက် ပုံတစ်ပုံချင်းစီနဲ့ ဘာပြီးရင် ဘယ်ခလုတ်ကိုနှိပ် ကအစ ပြထားတာပါ။ တစ်ရက်ကိုလည်း အချိန်က ၁၀ မိနစ်လောက်ပဲ ပေးပြီး လုပ်ရတာပါ။ အဲဒီ Mini Job တွေကို သင်က တစ်ရက်ကိုတစ်ခု မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် MMM Global က တစ်နေ့ကို သင်ရင်းထားတဲ့ ငွေပမာဏရဲ့ 3.33% အနေနဲ့ ပေးပါတယ်။ ဒီလိုနဲ့ တစ်လလုံး သင်က Mini Job တွေကို မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် တစ်ရက်ကို 3.33% အနေနဲ့ ရတာဆိုတော့ တစ်လဆို 100% ကိုယ်ရင်းထားတဲ့ ပမာဏအတိုင်း အတိုး ထပ်ရပါတယ်။

        ဥပမာ - $100 ရင်းထားပြီး Mini Job တွေ မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် တစ်လပြည့်ရင် သင့်အရင်း $100 အပြင် အတိုးအနေနဲ့ $100 စုစုပေါင်း $200 ကို ရရှိမှာပါ။ ဒါဆို Mini Job တွေ မလုပ်ဖြစ်ရင်ရော??? ဒါဆို သင်က တစ်ရက်ကို သင်ရင်းထားတာရဲ့ 0.67% ရပါလိမ့်မယ်။ တစ်လလုံး အနေနဲ့ တွက်ရင်ကျတော့ သင်ရင်းထားတဲ့ ငွေပမာဏရဲ့ 20% ကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ - $100 ရင်းထားပြီး Mini Job တွေ လုံးဝ မလုပ်ဘူးဆို တစ်လပြည့်ရင် သင့်အရင်း $100 အပြင် အတိုးအနေနဲ့ $20 စုစုပေါင်း $120 ကို ရရှိမှာပါ။ ဒါဆို အတိုးတွေက တစ်လလုံး စောင့်ပြီးမှ ထုတ်ရမှာလား??? လုံးဝ မဟုတ်ပါဘူး။ MMM Global က အချိန်မရွေး သင့်ရဲ့ အရင်းရော အတိုးကိုပါ ထုတ်ယူခွင့် ပြုထားတာ ဖြစ်တဲ့အတွက် အရမ်း အဆင်ပြေပါတယ်။ ဒါကြောင့် လူတိုင်း မိမိရဲ့ငွေကို နှစ်ဆ ပွားချင်တယ်ဆိုရင် MMM Global မှာ နေ့စဉ် ၁၀ မိနစ်လောက် Mini Job ကို သေသေချာချာ လုပ်ပေးပါ။ အားလုံးပဲ အောင်မြင်ကြပါစေ!!!

        Credit : ကိုထက်နိုင်လင်း (MMM Global Manager) & MMM Global Myanmar


        MMM Global ရဲ့ စည်းမျဉ်းစည်းကမ်းများ

        1.MMM လုပ်တော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ Internet လိုင်း တစ်လိုင်းတည်း ကိုသာ အသုံးပြုပါ။ (1500 တန် ဖုန်းကတ် တစ်ခုကို ဝယ်ပြီး MMM အသုံးပြုတဲ့ အချိန်မှာပဲ အသုံးပြုရင် အကောင်းဆုံးပါဘဲ။ Wifi တွေကို လုံးဝ မသုံးပါနဲ့) ။ MMM ဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး ကူညီတဲ့ community ဖြစ်တဲ့အတွက် လူတစ်ယောက်ကို MMM Account တစ်ခုပဲ ရှိခွင့် ရှိပါတယ်။ Internet လိုင်း တစ်လိုင်းနဲ့ Account အများကြီး ဖွင့်ထားရင် မိမိရဲ့ Account ဟာ Ban ခံရပါမယ်။ Account Ban ခံရရင် မိမိရဲ့ ထည့်ထားတဲ့ ငွေပမာဏ အားလုံးဟာ ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လူတစ်ယောက်ကို Account တစ်ခု၊ Internet လိုင်းသီးသန့် တစ်လိုင်း နဲ့ ကွန်ပျူတာ တစ်ခုသာ အသုံးပြုဖို့ မှာချင်ပါတယ်။ ဒီ စည်းကမ်းချက်တွေကိုသာ လိုက်နာမယ်ဆိုရင် သင့် Account ဟာ Ban ခံရစရာအကြောင်း လုံးဝ မရှိပါဘူး။ ဒါကြောင့် စည်းကမ်းတွေကို သေချာလေး မှတ်ပြီး လိုက်နာပေးပါ။
        2. Account ဖွင့်တဲ့အချိန်မှာ မိမိရဲ့ နာမည်အရင်း၊ အသုံးပြုနေတဲ့ ဖုန်းနံပါတ် အစစ်အမှန်တွေကိုပဲ ထည့်ပေးပါ။ ဘာလို့လဲဆိုတော့ တကယ်လို့ CRO (MMM Account တွေကို လိမ်ညာမှု ရှိမရှိ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း) ဟာ မိမိရဲ့ Accont ကို သံသယ ရှိလာပြီဆိုရင် မှတ်ပုံတင် (သို့မဟုတ်) Passport ကို တောင်းကြည့်ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ နာမည်အရင်း၊ အသုံးပြုနေတဲ့ ဖုန်းနံပါတ် အစစ်အမှန်တွေကိုပဲ ထည့်ပေး Account ဖွင့်ပေးပါ။
        3. MMM မှာ ငွေသွင်းငွေထုတ် လုပ်တဲ့ အချိန်တွေမှာ အထူး သတိထားပေးပါ။ သတိထားရမယ့် အချက်တွေကို ငွေသွင်းခြင်း နဲ့ ငွေထုတ်ခြင်း စာမျက်နှာတွေမှာ ရေးပေးထားပါတယ်။ သေချာ ဂရုစိုက်ပြီး လုပ်ပေးပါ။
        4. Register လုပ်ပြီး နှစ်ပတ်အတွင်းမှာ သင့်ရဲ့ Account ဟာ Active မဖြစ်ဘူးဆိုရင်တော့ MMM က Account ကို ပိတ်လိုက်မှာ ဖြစ်ပါတယ်။
        5.တစ်ခု သတိပေးချင်ပါတယ်။ MMM မှာ သင့်ရဲ့ အပိုငွေကိုပဲ အသုံးပြုပါ။ Internet မှာ လုပ်ရတာ ဖြစ်တဲ့အတွက် ရာနှုန်းပြည့် ယုံကြည်လို့ မရပါဘူး။ ဒါကြောင့် အိမ်ပေါင်ပြီး ထည့်တာမျိုး၊ ကားရောင်းပြီး ထည့်တာမျိုး စသဖြင့် လုံးဝ မလုပ်ပါနဲ့။ မိမိရဲ့ အပိုငွေနဲ့ပဲ အလုပ်လုပ်ပါ လို့ သတိပေးချင်ပါတယ်။ MMM Website ထဲမှာလည်း တရားဝင် ကြေငြာထားပြီးသားပါ။"Only use your spare money" !!!
         Credit : ကိုထက်နိုင်လင်း (MMM Global Manager) & MMM Global Myanmar

        Sample Text